International News

ယူအေအီး(ဒူဘိုင်း)နိုင်ငံ၏ Transit Trade အတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အခွန်အခများ

Last Updated:

ယူအေအီး(ဒူဘိုင်း)နိုင်ငံ၏ အကောက်ခွန်ဌာနသည် ၎င်းတို့၏ဖောက်သည်များအား လုပ်ငန်းလွယ်ကူချောမွေ့စေရန်အတွက် အကောက်ခွန်လုပ်ငန်းစဉ်များအပေါ် လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ၎င်းတို့၏အမျိုးသားအကျိုးစီးပွားကိုရရှိစေရန် သက်ဆိုင်ရာအခွန်အခများအား စည်းကြပ်ကောက်ခံလျက်ရှိပါသည်။

ယူအေအီးပြည်ထောင်များ သို့မဟုတ် ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီနိုင်ငံများ (GCC) တွင် သက်ဆိုင်ရာလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းမှ လုပ်ငန်းလိုင်စင်ရရှိထားသော မည်သည့်စီးပွားရေးလုပ်ငန်းမဆို အွန်လိုင်းဖြင့် ဒူဘိုင်းအကောက်ခွန်ဌာနတွင်မှတ်ပုံ တင်၍ မိမိတို့၏လုပ်ငန်းအမျိုးအစားနှင့်ကိုက်ညီသော အကောက်ခွန်ဝန်ဆောင်မှုအမျိုးမျိုးကို ရရှိနိုင်ပါသည်။

မိမိတို့၏ကုန်စည်ပစ္စည်းလုပ်ငန်းများကို အကောက်ခွန်ကြေညာ၍ အခွန်အခများ၊ Deposit အပ်ငွေများနှင့် အခကြေးငွေများအား Credit Account ၊  Standing Guarantee(တည်မြဲအာမခံချက်)၊  Debit Account ၊ e-Payment ၊  Cash (applicable to Bureau Service only)နှင့် Cheque (applicable to Bureau Service only) စသည့်နည်းလမ်းများဖြင့် ကျသင့်ငွေကို ပေးချေနိုင်ပါသည်။

ယူအေအီး(ဒူဘိုင်း)နိုင်ငံ အကောက်ခွန်ဌာနမှ သွင်းကုန်ထုတ်ကုန်ကြေငြာစာပုံစံများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

က။      သွင်းကုန်နှင့်ပတ်သက်သက်သည့်ကြေငြာစာပုံစံများ

၁။        Import to Local from ROW (Rest Of World)

၂။         Import to Local from FZ (Free Zone)

၃။        Import to Local from CW(Customs Warehouse)

၄။        Import to Local from GCC (statistical Import)

၅။        Import for Re Export to Local from ROW

၆။        Import for Re Export to Local from FZ

၇။        Import for Re Export to Local from CW

၈။        Import to CW from ROW

၉။        Import to CW from FZ

၁၀။      Import to CW from Local (after Temporary Admission)

၁၁။      Import after Temporary Admission

ခ။        ထုတ်ကုန်အုပ်စုနှင့်ပတ်သက်သက်သည့်ကြေငြာစာပုံစံများ

၁။        Export from Local to ROW

၂။         Export from Local to Dubai FZ

၃။        Export from Local to GCC (statistical export)

၄။        Export from CW to ROW

၅။        Export from CW to FZ

၆။        Re Export to ROW (after import for re- export)

၇။        Re Export to FZ (after Import for Re Export)

၈၊         Return to FZ after Temporary Admission

၉။        Return to ROW after Temporary Admission

၁၀။      Temporary Export from Local to ROW

၁၁။      Temporary Export from Local to FZ

ယူအေအီး(ဒူဘိုင်း)နိုင်ငံ အကောက်ခွန်ဌာနမှ အကောက်ခွန်ကြေညာစာအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

က။       Export                           

ခ။        Import                         

ဂ။        Transit                          

ဃ။       Temporary Admission  

င။        Transfer

Transit အမျိုးအစားများ

ကုန်ပစ္စည်းများသည် အခြားကမ္ဘာ့နိုင်ငံများသို့ ဦးတည်သွားသော်လည်း ဒူဘိုင်းတွင်ရပ်နားနိုင်မည်ဖြစ်ပါသည်။ ယူအေအီးနိုင်ငံ၏ Transit လုပ်ထုံးလုပ်နည်းအရ သတ်မှတ်နေရာသို့ ပြောင်းရွှေ့ရမည်။ ပုံမှန်အားဖြင့် အပ်ငွေများပေးချေမှု သို့မဟုတ် အာမခံများနှင့်လိုအပ်ပါက ထပ်လောင်းအာမခံချက်များ စသည့်လုပ်ငန်းစဉ်တို့အတွက် ယူအေအီးအကောက်ခွန်ဌာနမှ ရှင်းလင်းဆောင်ရွက်ပေးပါသည်။

အောက်ပါ Transit ဆောင်ရွက်မှုများအတွက် ယူအေအီးနိုင်ငံ ဒူဘိုင်းအကောက်ခွန်ဌာန၏ Transit စီမံခန့်ခွဲမှုအစီအစဉ်အရ အကောက်ခွန်ရှင်းလင်းရန် လိုအပ်ပါသည် -

က။       Transit (ROW to ROW)             (နိုင်ငံတစ်ခုမှ အခြားနိုင်ငံတစ်ခုသို့ Transit)

ခ။        FZ Transit In                             (လွပ်လပ်သောဇုန်သို့ Transit အဝင်)

ဂ။        FZ Transit Out                          (လွပ်လပ်သောဇုန်မှ Transit အထွက်)

ဃ။       FZ Transit In from GCC and other Emirates FZ and GCC Local Market

(GCCနှင့်အခြားအာရပ်ပြည်ထောင်များနှင့် GCC ဒေသတွင်းဈေးကွက် Transit များ)

င။        FZ Transit between Dubai based FZ

(လွပ်လပ်သောဇုန်များနှင့် ဒူဘိုင်းအခြေစိုက်လွပ်လပ်သောဇုန်များအကြား Transit များ)

က။       Transit (ROW to ROW)

၁။        အကောက်ခွန်ဌာန၏ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာ အကောက်ခွန်နယ်မြေမှတဆင့် သယ်ယူပို့ဆောင်နိုင်သည်။ Transit ခွင့်ပြုသည့်ကာလသည် အကောက်ခွန်ရှင်းလင်းပြီးစီးသည့်နေ့မှ ရက်ပေါင်း 30 ဖြစ်သည်။ (အကောက်ခွန်မူဝါဒအမှတ် ၃၅/၂၀၁၁)

၂။         လိုအပ်သောစာရွက်စာတမ်းများ

(ကက)  သယ်ယူပို့ဆောင်ရေးစာရွက်စာတမ်း မိတ္တူ

(ခခ)     သယ်ယူပို့ဆောင်မှုအမိန့်

ခ။         FZ Transit In

၁။        မည်သည့်နိုင်ငံမှ လာရောက်သည့်နိုင်ငံရပ်ခြား ကုန်ပစ္စည်းများကိုမဆို အကောက်ခွန် သို့မဟုတ် အခွန်အခများ ပေးဆောင်ရန် မလိုအပ်ဘဲ လွပ်လပ်သောဇုန် (FZ)သို့ ပို့ဆောင်နိုင်သည်။ ကုန်ပစ္စည်းပိုင်ရှင်သည် လွပ်လပ်သောဇုန်(FZ)လိုင်စင်ရရှိထားရန်လိုအပ်သည်။ လွပ်လပ်သောဇုန်(FZ)သို့ဝင်ရောက်ရန်အတွက် ကုန်ပစ္စည်းများအား အကောက်ခွန်ကြေညာစာပုံစံဖြင့် အကောက်ခွန်ရှင်းလင်းရမည်။ (GCC အကောက်ခွန်ဥပဒေ ပုဒ်မ ၈၀ အရ အချို့ကုန်စည်များကို လွတ်လပ်သောဇုန်(FZ)များသို့ ဝင်ခွင့်တားမြစ်ထားသည်။)

၂။         လိုအပ်သောစာရွက်စာတမ်းများ

(ကက)  လေလမ်းကြောင်းအတွက် Master Airway Bill/House Airway Bill

(ခခ)     ပင်လယ်ရေလမ်းကြောင်းအတွက် Master Bill of Lading / House Bill Of Lading

(ဂဂ)     လုပ်ငန်းသုံးငွေတောင်းခံလွှာ

(ဃဃ)  မူရင်းဒေသလက်မှတ်

(ငင)     ကုန်ပစ္စည်းစာရင်း

(စစ)     သယ်ယူပို့ဆောင်မှုအမိန့်

ဂ။        FZ Transit Out 

၁။        ယူအေအီးရှိလွပ်လပ်သောဇုန်(FZ) အတွင်း သိုလှောင်ထားသည့်ကုန်ပစ္စည်းများအား ကမ္ဘာ့နိုင်ငံများသို့တင်ပို့ခြင်းအတွက် ပို့ကုန် ထုတ်လုပ်မှုအထောက်အထားအပေါ် ပြန်လည်ရရှိသည့်အပ်ငွေဖြင့် ရှင်းလင်းကြေငြာရမည်။ အပ်ငွေပေးသွင်းခြင်းမရှိဘဲ လွပ်လပ်သောဇုန် (FZ)မှ တိုက်ရိုက်ကုန်ပစ္စည်းတင်ပို့လျှင်ပင် အကောက်ခွန်ဌာနသို့ ကုန်ပစ္စည်းတန်ဖိုး၏ ၁၀% ဒဏ်ကြေးကို ပေးဆောင်ရန် ပျက်ကွက်သည့် အထောက်အထားကို တင်ပြရမည်။

၂။         လိုအပ်သောစာရွက်စာတမ်းများ

(ကက)  သယ်ယူပို့ဆောင်မှု အကြံပြုချက်

(ခခ)     ပို့ကုန်ပြေစာ

(ဂဂ)     ကုန်ပစ္စည်းစာရင်း

ဃ။       FZ Transit In from GCC and other Emirates FZ and GCC Local Market

၁။        GCCနိုင်ငံများ သို့မဟုတ် အခြားစော်ဘွားပြည်ထောင်များ သို့မဟုတ် ဒေသတွင်းစျေးကွက်မှ ကုန်ပစ္စည်းများကို အကောက်ခွန် သို့မဟုတ် အခွန်မဆောင်ဘဲ လွပ်လပ်သောဇုန်(FZ)များအတွင်းသို့ ယူဆောင်လာနိုင်သည်။ ကုန်ပစ္စည်းပိုင်ရှင်မှာ လွပ်လပ်သောဇုန်(FZ) လိုင်စင်ရရှိသူဖြစ်ရမည်။ လွပ်လပ်သောဇုန်(FZ)သို့ဝင်ရန် ကုန်ပစ္စည်းများကို အကောက်ခွန်ကြေညာစာပုံစံဖြင့် ရှင်းလင်းရမည်။ (GCC အကောက်ခွန်ဥပဒေ ပုဒ်မ ၈၀ အရ အချို့ကုန်စည်များကို လွတ်လပ်သောဇုန်(FZ)များသို့ ဝင်ခွင့်တားမြစ်ထားသည်။)

၂။         လိုအပ်သောစာရွက်စာတမ်းများ

(ကက) လေလမ်းကြောင်းအတွက် Master Airway Bill/House Airway Bill

(ခခ)     ပင်လယ်ရေလမ်းကြောင်းအတွက် Master Bill of Lading / House Bill Of Lading

(ဂဂ)     တင်ပို့မှုစာရင်းဇယားကြေညာစာ

(ဃဃ)  လုပ်ငန်းသုံးငွေတောင်းခံလွှာ

(ငင)     မူရင်းဒေသလက်မှတ်

(စစ)     ကုန်ပစ္စည်းစာရင်း

(ဆဆ)  သယ်ယူပို့ဆောင်မှုအမှာစာ

င။         FZ Transit between Dubai based FZ

၁။        လွပ်လပ်သောဇုန်(FZ) အသုံးပြုသူမှ ပိုင်ဆိုင်ပြီး သိမ်းဆည်းထားသော ကုန်ပစ္စည်းများကို အခြားလွပ်လပ်သောဇုန်(FZ)ရှိ ဖောက်သည်အား ရောင်းချရန်အတွက် အကောက်ခွန်ကြေညာစာထားရှိရန် လိုအပ်သည်။ တင်ပို့သူ သို့မဟုတ် ၎င်း၏ပွဲစားမှ အကောက်ခွန်ကြေညာစာကို တင်သွင်းနိုင်သည်။ သို့ရာတွင် ကြေငြာချက်ကို ဒူဘိုင်းကုန်သွယ်ရေးဌာန အသိအမှတ်ပြုသည့် ဝန်ဆောင်မှုလုပ်ငန်းမှတစ်ဆင့် လက်ခံမည့်သူဘက်မှမှ လက်ခံရရှိကြောင်း ပြန်ကြားရန်လိုအပ်သည်။

၂။         လိုအပ်သောစာရွက်စာတမ်းများ

(ကက)  သယ်ယူပို့ဆောင်မှု အကြံပြုချက်

(ခခ)     ပို့ကုန်ပြေစာ

(ဂဂ)     ကုန်ပစ္စည်းစာရင်း

အကောက်ခွန်ကြေညာစာကို ကြေငြာရက်မှ ရက်ပေါင်း (၁၄) ရက်အတွင်း သက်ဆိုင်ရာအကောက်ခွန်ဌာနသို့ တင်ပြရမည်ဖြစ်ပြီး ၁၄ ရက်ထက်ကျော်လွန်ပါက နောက်ကျကြေးကို နောက်ထပ်ရက်ပေါင်း(၉၀)အထိ နေ့တိုင်းစည်းကြပ်မည်ဖြစ်ကာ ရက်ပေါင်း ၉၀ ကျော်အထိ အကောက်ခွန်ကြေညာစာကို မတင်ပြနိုင်ပါက တည်ဆဲပြစ်ဒဏ်ကျသင့်မည့်အပြင် သတ်မှတ်ဒဏ်ကြေးများကိုပါ ပေးဆောင်ရမည်ဖြစ်သည်။

ယူအေအီး (ဒူဘိုင်း) နိုင်ငံ၏ အကောက်ခွန်ဌာနမှ အခွန်အခဝန်ဆောင်မှု  သတ်မှတ်နှုန်းထားများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

Bill Of Entry (Declaration)Types

Dutiable

 

Non-Dutiable

Export from CW to FZ

100

100

Export from CW to ROW

100

100

Export from Local to FZ

100

100

Export from Local to ROW

100

100

Export Statistical Declaration

50

50

FZ Transit Between Dubai based FZ

80

80

FZ Transit In

80

80

FZ Transit In from GCC and other Emirates FZ and GCC Local Market

80

80

FZ Transit Out

80

80

Import for Re Export to Local from CW

100

100

Import for Re Export to Local from FZ

100

100

Import for Re Export to Local from ROW

100

100

Import Statistical Declaration

70

80

Import to CW from FZ

80

80

Import to CW from Local (after temporary admission)

80

80

Import to CW from ROW

80

80

Import to Local from CW

70

80

Import to Local from FZ

70

80

Import to Local from ROW

70

80

Re Export to FZ (after Import for Re Export)

100

100

Re Export to ROW (after import for re-export)

100

100

Return to FZ after Temporary Admission

100

100

Return to ROW after Temporary Admission

100

100

Temporary Admission from CW to Local

100

100

Temporary Admission from FZ to Local

100

100

Temporary Admission from ROW to Local

100

100

Temporary Export from Local to FZ

100

100

Temporary Export from Local to ROW

100

100

Transfer of Cargo by Dubai based CW

80

80

Transfer within a FZ

80

80

Transit (ROW to ROW)

50

15

Import to Local after Temporary Admission

70

80

ဇယား (၁) - ယူအေအီး(ဒူဘိုင်း) အကောက်ခွန်ဌာနမှစည်းကျပ်သည့် ဝန်ဆောင်ခများ

 

Other Fees

Amount

Certificate Of Discharge

100

Cheque Installment for Company- Per Cheque (From 1 to 4)

150

Cheque Installment for Company- Per Cheque (From 5 to 12)

300

Cheque Installment for Person- Per Cheque (From 1 to 4)

50

Cheque Installment for Person- Per Cheque (From 5 to 12)

75

Certificate of Arrival in a Customs Post

100

Certificate of Discharge

100

Customs Audit Fee at client’s request

3000

DUCAMZ-Delivery Advice & Valuation Report On Vehicle

200

Duplicate Copy of any Customs issued Document

100

Exit /Entry Permit on Goods through Customs Gate

20

Exit Entry Seal Charge

20

Gate Pass Charges

20

Inspection Charge

150

Inspection Seal Charges

20

Israeli Boycott Stamp

10

Kimberly Certificate Process Charges-DMCC

30

Postponement Of PDC for Company per Cheque

200

Postponement Of PDC for Individual per Cheque

100

Statistical Report-Yearly Summary Report by HS Code (up to 20 HS Codes)

150

Statistical Report-Yearly Summary Report by HS Code (up to 50 HS Codes)

200

Statistical Report -Yearly Summary Report by HS Code(More than 50 HS Codes)

225

Statistical Report-Yearly Summary Report by Country (up to 20 Countries)

150

Statistical Report -Yearly summary Report on Country (More than 20 countries)

200

Statistical Report -Yearly Summary Report on one HS Code by country

200

Statistical Report -Yearly Summary Report on one country by HS Code

200

Statistical Report -Yearly Summary Report on Company Performance

250

Statistical Report -Yearly Summary Report on Company Performance by HS Code

1850

Storage Fee per day on each package of goods carried by passenger

100

Trade Agency - Additional Fee for Customs Inspection

2000

Trade Agency - Urgent Follow-Up of a Complaint (One Time)

500

Trade Agency - Urgent Lodgment and Follow Up of a Complaint after Office Time and outside Customs Zone

1000

Trade Mark - Complaint Follow Up Deposit

5000

Trade Mark - Complaint Follow Up Fees

2000

Trade Mark - Additional Fees For Urgent Complaint Follow up

500

Trade Mark - Additional Fees For Urgent Complaint Follow up during Holidays

1000

ဇယား (၂) - ယူအေအီး(ဒူဘိုင်း) အကောက်ခွန်ဌာနမှစည်းကျပ်သည့် အခြားဝန်ဆောင်ခများ

 

 

ဇယား (၃) - ယူအေအီး(ဒူဘိုင်း) အကောက်ခွန်ဌာနမှစည်းကျပ်သည့် ဒဏ်ကြေးနှင့်ပြစ်ဒဏ်များ

 

Other fines

Fine/Deduction (AED)

Broker card renewal delay

50 per month

Late submission fine for Customs Declaration Documents

5

Fine for replacement of PDC Cheque

500

Fine on Cheque Returned

500

Fine on Container Seal Breaking

5000

Fine on Wrong Declaration

500

Free zone non- re-export -penalty

10% of the CIF value

ဇယား (၄) - ယူအေအီး(ဒူဘိုင်း) အကောက်ခွန်ဌာနမှစည်းကျပ်သည့် အခြားဒဏ်ကြေးနှင့်ပြစ်ဒဏ်များ

 

Name of Forms

Units

AED

Cargo Clearance under a Standing Guarantee Form

10 Pads

200

Customs Duty Exemption for Medicine Form

10 Pads

200

Duty Exemption End User Form

single

15

Exemption Of Industrial Form

single

15

Standing Guarantee Form

10 Pads

200

Transfer Goods to Customs Bonded Storage Form

100 Copies

150

Auction Notice

single

10

Customs Duty Bank Guarantee Form

single

15

Delivery Advice & Valuation Report On Vehicle from DUCAMZ

10 Pads

200

Exit/Entry Certificate

10 Pads

200

Unified GCC Custom Tariff Book (Arabic & English)

single

520

Debit Slip

10 Pads

100

Declaration Forms

1500 Forms

300

Declaration of Export

10 Pads

250

Delivery Order

500 Forms

550

DFSA Export Bill

single

20

DFSA Import Bill

single

20

Individuals Daily Pass at Ports

single

3

Individuals Daily Pass at Dry Port

single

6

DUCAMZ -Vehicle Exit Certificate

single

30

Delivery Advice & Valuation Report On Vehicle from Dubai Free Zone

10 Pads

200

Export Manifest Sea Cargo

single

20

GCC Customs Common Law Book

single

50

Import Authority for Restricted Goods

10 Pads

200

Inter-Port Transfer Authority

10 Pads

200

List Of Exemption Goods

single

25

Manifest Receipt And Registration

single

10

Outbound Cargo Inter Port Transfer

single

25

Outbound Cargo Tally Sheet

single

20

Valuation/ Specification Report on Vehicle

10 Pads

200

Vehicle List

single

25

Vessel Clearance Certificate

single

15

ဇယား (၅) - ယူအေအီး(ဒူဘိုင်း) အကောက်ခွန်ဌာနမှထုတ်ပြန်သည့် ပုံစံနှင့်စာရွက်စာတမ်းကြေးများ

အခွန်အခကောက်ခံမှုအားလုံးအတွက် ယူအေအီးနိုင်ငံသုံးငွေကြေး အေအီးဒီ(AED - United Arab Emirates Dirham) သို့မဟုတ် ဒါဟမ် (Dirham) ဖြင့်ပေးချေရမည်ဖြစ်ပါသည်။ (၁၈.၇.၂၀၂၃ နေ့အတွက် ငွေလဲနှုန်းမှာ 1 AED = 571.53 KYAT / 0.27 US$ ဖြစ်ပါသည်။) (xe.com)

ကိုးကား            -           dubaicustoms.gov.ae

(ဦးနန္ဒာစိုးမြင့်)

 

Category: International News